Information

Introduction of Ms. Ni Win Zaw

Here is the introduction of Ms. Ni Win Zaw.

I am Professor and Head of the Department of Library and Information Studies, University of Yangon. I am teaching various subjects in Library and Information Science in undergraduate and postgraduate classes.

First time, I visited CSEAS of Kyoto University to attend International Workshop on Network Development of Information Resource Sharing for Area Studies in Southeast Asia in 2016. So it is the second time visit for me. I am honor to be invited as a visiting research scholar at the Centre for Southeast Asia Studies of Kyoto University from October 1, 2019 to December 31, 2019.

My research work is to compile “An Annotated Bibliography of the Doctoral Dissertations Submitted to the University of Yangon (2000-2018)”. It is a classified listing of the dissertation entries for work in Geography, Psychology, Anthropology, Archaeology, International Relation, Library and Information Studies and Law. The objectives of the study are to know the total research works on particular subjects or topics, to identify strengths and weaknesses of the doctoral research works in particular subject areas, and to provide the students and scholars enable to find out previous research works.

ဏီဝင်းဇော်
ကျွန်မ က ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်နှင့်သုတပညာဌာနရဲ့ပါမောက္ခ(ဌာနမှူး)ဖြစ်ပါတယ်။ ဘွဲ့ကြို သင်တန်းနဲ့ဘွဲ့လွန်သင်တန်းတွေမှာ စာကြည့်တိုက်နှင့်သုတပညာရပ်ဆိုင်ရာဘာသာရပ်များကို သင်ကြား ပေးနေပါတယ်။
ကျွန်မ က ၂၀၁၆ခုနှစ်တုန်းက International Workshop on Network Development of Information Resource Sharing for Area Studies in Southeast Asia ကိုတက်ရောက်ဖို့ ကျိုတိုတက္ကသိုလ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာသုတေသနဌာနကိုရောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ယခုကြိမ် က ဒုတိယအကြိမ် လာရောက်ရခြင်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှဆိုင်ရာသုတေသနဌာန က ၂၀၁၉ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ က ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ ဧည့်သုတေသီ အဖြစ် ဖိတ်ကြားခံခဲ့ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။
ကျွန်မရဲ့သုတေသန ကတော့ ရန်ကုန်တက္ကသိုလ်သို့(၂၀၀၀-၂၀၁၈)အတွင်းတင်သွင်းသောပါရဂူကျမ်း များကို မှတ်စုပါစာစုစာရင်းပြုစုတာဖြစ်ပါတယ်။ စာရင်းတင်ထားတာတွေကို ပညာရပ်အလိုက်အမျိုးအစား ခွဲခြား ပြုစုသွားမှာဖြစ်ပါတယ်။ ပါဝင်တဲ့ဘာသာရပ်များကတော့ ပထဝီဝင်၊ စိတ်ပညာ၊ ရှေးဟောင်းသုတေသန၊ မနုဿဗေဒ၊ နိုင်ငံတကာဆက်ဆံရေး၊ စာကြည့်တိုက်နှင့်သုတပညာဘာသာရပ်များနဲ့ဉပဒေပညာရပ်များ ပါဝင်ပါတယ်။သုတေသနပြုစုရခြင်းရည်ရွယ်ချက်ကတော့ ပါရဂူသုတေသနကျမ်းစုစုပေါင်းကိုသိရှိနိုင်ရန်၊ ပညာရပ်အသီးသီးအလိုက်ဆောင်ရွက်ပြီးတဲ့ပါရဂူသုတေသနတွေရဲ့အားသာချက်၊အားနည်းချက်များသိရှိ နိုင်ရန်နဲ့ ကျောင်းသူ၊ကျောင်းသားများနဲ့ပညာရှင်များအတွက် ဆောင်ရွက်ပြီးတဲ့သုတေသနများ ကို ရှာဖွေသိရှိနိုင်စေရန် အထောက်အကူပြုဖို့ဖြစ်ပါတယ်။